Diversity Immigrant Visa (DV) Program ဆိုတာ ?
DV ဆိုတာ Diversity Visa Program ဆိုတဲ့ အမေရိကားမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ကို မဲဖေါက်ပြီး ထုတ်ပေးတဲ့ အမေရိကအစိုးရရဲ့ ပရိုဂရမ်တခု ဖြစ်ပါတယ်။ နှစ်စဉ် အောက်တိုဘာလ မှ နိုဝင်ဘာလအတွင်း တနှစ်မှ တကြိမ်/တဦးကို တခါပဲ ကံစမ်းခွင့်ရှိပါတယ်။ မိမိ ပေါက်/မပေါက်ကို စစ်ဆေးဖို့ကိုတော့ နောက်နှစ် ဇွန်လဆန်းကနေစပြီး အမေရိကအစိုးရရဲ့ ဝက်ဘ်ဆိုက်မှာ စစ်ဆေးလို့ ရမှာ ဖြစ်ပါတယ်။ စစ်ဆေးဖို့အတွက် တင်တုံးက အချက်အလက်တွေအပြင် တင်လိုက်စဉ်မှာ ရရှိထားတဲ့ နံပါတ်လိုအပ်ပါတယ်။ သေချာစွာသိမ်းဆည်းထားရမှာပါ။
လျှောက်ဖို့ ဘာတွေလိုအပ်သလဲ ?
- အမည်
- မွေးသက္ကရာဇ်
- မွေးဖွားရာဇာတိ
- နေရပ်လိပ်စာ
- အီးမေးလ်
- ဖုန်းနံပါတ်
- အိမ်ထောင်ရေးအခြေအနေ
- ပညာအရည်အချင်း ( အနည်းဆုံး ၁၀တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။)
အိမ်ထောင်ဘက်ရှိလျှင် –
- အိမ်ထောင်ဘက်အမည်
- မွေးနေ့
- မွေးဖွားရာဇာတိ
အသက် ၂၁နှစ်အောက် သားသမီးရှိလျှင် –
- သားသမီးအမည်
- မွေးနေ့
- မွေးဖွားရာဇာတိ
လျှောက်ထားသူ အားလုံး၏ Digital ဓာတ်ပုံ (၁)ပုံ လိုအပ်ပါသည်။
DV လျှောက်ရန် ဓါတ်ပုံလိုအပ်ချက် –
- ဓါတ်ပုံဆိုဒ်က ၂လက်မ ပတ်လည် (2″ x 2″ ) ဆိုဒ်ဖြစ်ရမည်။
- နောက်ခံ အဖြူရောင် ဖြစ်ရမည်။
- 600*600 Pixel / 240 Kb ထပ် မကျော်ရ။
- မျက်မှန်မတက်ရ၊ သနပ်ခါးမလိမ်းရ၊ မိတ်ကပ် အလွန်အကျူးမပြင်ရ။
- ဓါတ်ပုံကို Photoshop နဲ့ ပြုပြင်မထားရ။
တင်တဲ့Digital ဓာတ်ပုံ သတ်မှတ်ချက်များနဲ့ ကိုက်ညီချင်းရှိ/မရှိ ကို ဒီလင့်ခ်ကနေ ဝင်ပြီး စစ်ကြည့်လို့ရပါတယ်။ https://tsg.phototool.state.gov/photo
DV ကို ဒီလင့်ကနေ လျှောက်လို့ရပါတယ်။
မှတ်ချက်/ DV လျှောက်တဲ့အချိန်မှာ ပတ်ပို့စ် မလိုအပ်သေးပါ။ ပတ်ပို့စ် မရှိသေးဘူးဆိုတဲ့သူတွေလည်း လျှောက်ထားလို့ရပါတယ်။ ဒါပေမဲ့ DV မဲပေါက်ပြီဆိုတာ သိတာနဲ့ ပတ်ပို့စ်ကတော့ မဖြစ်မနေ လိုပါပြီ။ အဲဒီအတွက် ကုန်ကျစရိတ်၊ အချိန်ကာလ ကြိုတင်တော့ ပြင်ဆင်ထားကြပါ။
အင်္ဂလိပ်လိုရေးထားတဲ့ အမေရိကအစိုးရထုတ် လိုအပ်သည့် ညွှန်ကြားချက်များ (pdf)